PKTS ကျောင်းသားကောင်စီ (Student Council)
ပိုးကရင်ဓမ္မဒေသနာကျောင်းတော်ကြီး (PKTS) ၏ ကျောင်းသားကောင်စီသည် ကျောင်းသား/သူများ၏ ဝိညာဉ်ရေးရာ တိုးတက်ခိုင်မာရေး၊ မိတ်သဟာယ စည်းလုံးညီညွတ်မှုနှင့် ဘက်စုံဖွံ့ဖြိုးရေးတို့ကို တက်ကြွစွာ ဦးဆောင်ဆောင်ရွက်လျက်ရှိပါသည်။
Academic Program ကျောင်းသားကောင်စီ အလုပ်အမှုဆောင်များ
B.Th. နှင့် M.Div. ကျောင်းသူ/သားများ၏ ခေါင်းဆောင်မှုအဖွဲ့-
နန့်အေးသတာ
နော်မေသူ
စောလင်းထက်
နော်နန်းခမ်း
Academic ကောင်စီလက်အောက်ရှိ တာဝန်ခံဌာနများ
ဌာနတစ်ခုချင်းစီအလိုက် တာဝန်ခံအဖွဲ့ဝင်များနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ-
🙏 EM Committee
နံနက်နှင့် ညနေ ဆုတောင်းဝတ်ပြုခြင်း၊ အပတ်စဉ် ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ပွဲများနှင့် အထူးဆုတောင်းခြင်း အစီအစဉ်များကို စီစဉ်ဦးဆောင်သည်။
⚽ Health and Athletics Committee
ကျောင်းသားများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် ဘောလုံး၊ ဘော်လီဘော စသည့် ပြိုင်ပွဲများနှင့် မိတ်သဟာယ အားကစားပွဲများ ကျင်းပပေးသည်။
📚 Media Committee
ကျောင်းတော်ကြီးနှင့် ကျောင်းသားသမ္မဂ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နှင့် လူမှုကွန်ယက်တွင် စီစိထုတ်လွင့်ခြင်းကို ဆောင်ရွက်သည်။
🤝 Social Committee
အဆောင်နေ ကျောင်းသား/သူများ၏ မိတ်သဟာရအစီအစဉ်များ၊ ဖျားနာသူများအား စောင့်ရှောက်ခြင်းနှင့် ကျောင်းပရဝုဏ် သန့်ရှင်းရေးကို ဦးဆောင်သည်။
🤝 Karen Culture Committee
ကရင်ရိုးရာဓလေ့ထုံးတမ်း၊ စာပေနှင့် အနုပညာတို့ကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ကျောင်းတွင်းရှိ ကျောင်းသားကျောင်းသူများအကြား ယဉ်ကျေးမှုဆိုင်ရာ အသိပညာဖလှယ်ရေးပွဲများနှင့် အခမ်းအနားများကို ဦးဆောင်သည်။
🤝 Music Committee
ကျောင်းတွင်း ဂီတဖျော်ဖြေပွဲများနှင့် အခမ်းအနားများအတွက် တေးဂီတပိုင်းဆိုင်ရာ အစီအစဉ်များကို ဦးဆောင်စီစဉ်ပေးရန်နှင့် ကျောင်းသားကျောင်းသူများ၏ ဂီတစွမ်းရည်နှင့် ဝါသနာများကို ဖော်ထုတ်မြှင့်တင်ပေးရန် ဖြစ်ပါသည်။
🤝 Finance Committee
ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာ ဘတ်ဂျက်ရေးဆွဲခြင်း၊ ရန်ပုံငွေရှာဖွေခြင်းနှင့် သုံးစွဲမှုစာရင်းများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းစစ်ဆေးပေးရန် ဖြစ်ပါသည်။
CTE Program ကျောင်းသားကောင်စီ အလုပ်အမှုဆောင်များ
M.Div.(Ministry), MATS, B.A., BTS (Online) ကျောင်းသား/သူများ၏ ခေါင်းဆောင်မှုအဖွဲ့-
စောကျော်စွာ
နော်အေးမြ
စောသီဟ
နော်လဲ့လဲ့
CTE ကောင်စီလက်အောက်ရှိ တာဝန်ခံဌာနများ
ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်နေသော ဌာနခွဲများ-
🛠️ Literature and Library Committee
ကျောင်းတွင်း စာဖတ်ရှိန်မြှင့်တင်ရန်၊ စာကြည့်တိုက် အရင်းအမြစ်များကို ကျောင်းသားများ ထိရောက်စွာ အသုံးချနိုင်စေရန်နှင့် စာပေဖန်တီးမှု စွမ်းရည်များ ဖွံ့ဖြိုးလာစေရန် ဦးဆောင်ဆောင်ရွက်သည်။
🤝 Social Committee
ကျောင်းသားထုအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုကို တည်ဆောက်ပေးသည့် မိတ်သဟာရလှုပ်ရှားမှုများကို စီစဉ်ဦးဆောင်ကျင်းပသည်။
🌱 Finance Committee
ကျောင်းသားကောင်စီ၏ ဘတ်ဂျက်၊ ရန်ပုံငွေနှင့် ငွေကြေးသုံးစွဲမှုအားလုံးကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ စာရင်းရေးသွင်းခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်သည်။
ကျောင်းသားများ အကြံပြုချက်ပေးပို့ရန် (Suggestion Box)
Academic နှင့် CTE ကောင်စီများသို့ ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် အကြံပြုလိုသည်များကို လွတ်လပ်စွာ ပေးပို့နိုင်ပါသည်။
မောင်မယ်သစ်လွင် ကြိုဆိုပွဲ (Welcome Night)
Academic နှင့် CTE ကျောင်းသားသစ်များအား နွေးထွေးစွာ ကြိုဆိုခြင်း၊ ဆရာ/ဆရာမများနှင့် မိတ်ဆက်ခြင်းနှင့် ညစာစားပွဲ အစီအစဉ်ကို ကျင်းပခဲ့ကြပါသည်။
နှစ်စဉ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ
အတန်းအလိုက် ဘောလုံး၊ ကြက်တောင်နှင့် ရိုးရာအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ကြပါသည်။
နယ်လှည့် ဧဝံဂေလိနှင့် လူမှုကူညီရေး ခရီးစဉ်
ဒေသခံအသင်းတော်များသို့ သွားရောက်ကာ နှုတ်ကပတ်တော်ဝေငှခြင်း၊ သက်ကြီးရွယ်အိုများအား ကူညီပြုစုခြင်းနှင့် လက်တွေ့အမှုတော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
CTE သက်မွေးပညာ လက်တွေ့ပြပွဲနှင့် ပြိုင်ပွဲ
CTE ကျောင်းသားများ၏ လက်တွေ့ဖန်တီးထားသော စက်မှုလက်မှုနှင့် အသက်မွေးဝမ်းကျောင်း ပရောဂျက်များကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ကြပါသည်။
ခရစ္စမတ် ဝတ်ပြုကိုးကွယ်ပွဲနှင့် မိတ်ဆုံစားပွဲ
ခရစ်တော်မွေးနေ့ အောက်မေ့ဖွယ် တေးသီချင်းသီဆိုခြင်း၊ ဓမ္မဆုတောင်းခြင်းနှင့် အချင်းချင်း လက်ဆောင်ဖလှယ်ပွဲ အစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။
ကျောင်းတွင်း ဘော်လီဘောနှင့် ကြက်တောင်ပြိုင်ပွဲ
ကျောင်းသား/သူများ စိတ်လက်ပေါ့ပါးစေရန်နှင့် အချင်းချင်း စည်းလုံးမှုရရှိစေရန်အတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြပါသည်။